Request

Myanmar Free Islamic Books. This is a free Ebook Blog. And I let everyone know that you all can copy & use any post of this blog anytime. Please feel free to share and promote all the books.

Thursday 10 April 2014

ကုရ်အာန်ကျမ်းမြတ် မြန်မာဘာသာပြန် ဖတ်ရွတ်အသံသွင်းခြင်း (စမ်းသပ်)


ကုရ်အာန်ကျမ်းမြတ် မြန်မာဘာသာပြန် ဖတ်ရွတ်အသံသွင်းခြင်း (စမ်းသပ်)

ကဏ္ဍ ၆၇၊ စူရသွလ်မွလ်က်၊ စိုးမိုးခြင်းကဏ္ဍ၊ ဆော်ဒီဘုရင်ထုတ် ကုရ်အာန်ကျမ်းမြတ် မြန်မာဘာသာပြန်။

နိုင်ငံတကာမှာ ကုရ်အာန်ကျမ်းမြတ် ဘာသာပြန်ကို မိမိတို့သက်ဆိုင်ရာ ဘာသာစကားဖြင့် ဖတ်ထားတဲ့ အသံသွင်း မီဒီယာတွေ (Tape, CD, DVD) တွေ ရှိနေခဲ့တာကြာပြီဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာဘာသာပြန်ကို ဖတ်ရွတ်အသံသွင်းထားတဲ့ မီဒီယာမရှိသေးပါဘူး။ ဒီလို ဖတ်ရွတ်အသံသွင်းဖို့ ဆိုတာ အောက်ပါအချက်တွေဟာ အချေခံလိုအပ်ချက်တွေဖြစ်ပါတယ်။

၁။ အသံသွင်းဖို့လိုအပ်တဲ့ အသံလုံနေရာ၊
၂။ အသံဖမ်းစက်ပစ္စည်း၊
၃။ ဖတ်ရွတ်မည့် အသံရှင် (အသံကောင်းသူ တစ်ဦးဦး - ဥပမာ ကာရီဆပ်၊ အဆိုတော်၊ အသံကောင်းတဲ့သာမန်လူ မည်သူမဆို)။
၄။ အသံနှင့်ဆိုင်တဲ့ နည်းပညာရှင်။

ဒီလိုငွေကြေးနဲ့ဆိုင်တဲ့ လိုအပ်မှုတွေ၊ နည်းပညာသိရှိသူတွေ မစုစည်းမိတာကြောင့် တခေတ်တခါက ယနေ့အထိ မပေါ်ပေါက်ရသေးချင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုလို IT ခေတ်မှာ ဒီကိစ္စဟာ အတိုင်းအတာတစ်ခုထိ ကြီးမားတဲ့ အတားအဆီးတစ်ခု မဟုတ်တော့ဘူးလို့ ဆိုရမှာပါ။ ဒါကြောင့် ဒီစူရာကဏ္ဍလေးကို အသံသွင်းပြီး ဒီ Project ရဲ့ဖြစ်နိုင်ခြေကို စမ်းသပ်ကြည့်ခြင်းဖြစ်ပါတယ်။

ဒီ Project လေးကနေ သိခဲ့ရတာကတော့ Professional Quality နီးပါးရရှိဖို့ အခြေခံလိုအပ်ချက်က ... အံ့သြစရာကောင်းလောက်အောင် လွယ်ကူနေ လို့ပဲဖြစ်ပါတယ်။

၁။ အသံသွင်းဖို့လိုအပ်တဲ့ အသံလုံနေရာ၊ (Myanmar / Malaysia မှာ နေရာတစ်ခု အလွယ်တကူ ရနိုင်မယ်လို့ထင်ပါတယ်။ သာမာန် အနည်းအကျဉ်း Set-up လုပ်လောက်ရင်ရနိုင်ပါတယ်။

၂။ အသံဖမ်းစက်ပစ္စည်း၊ ( $250 တန် အသံဖမ်း Digital Voice Recorder လောက်ဆို ကောင်းကောင်း အလုပ်လုပ်ပါပြီ။)

၃။ ဖတ်ရွတ်မည့် အသံရှင် (အသံကောင်းသူ တစ်ဦးဦး - ဥပမာ ကာရီဆပ်၊ အဆိုတော်၊ အသံကောင်းတဲ့သာမန်လူ) တော့ရှာရမှာဖြစ်ပါတယ်။

၄။ အသံနှင့်ဆိုင်တဲ့ နည်းပညာရှင်။ ( Audio Software ကောင်းကောင်းတွေရှိနေပါပြီ။ Free or စမ်းသပ်)

အသံသွင်းခဲ့တဲ့ Procedures များ

၁။ သာမန် common room တစ်ခုမှာ
၂။ ပြင်ပမှလာတဲ့ တခြားအသံနည်းပါးတဲ့ အချိန်မှာ (မနက်ပိုင်းပါ၊ ညဘက်မဟုတ်ပါ)
၃။ $250 တန် အသံဖမ်း Digital Voice Recorder လေးကိုသုံးပြီး အသံဖမ်းပါတယ်။
၄။ ရလာတဲ့ mp3 ဖိုင်ကို Audio Software ထဲထည့်ပြီး ပတ်ဝန်းကျင်ကဝင်တဲ့ ဆူညံသံတွေကို ဖျောက်ပါတယ်။ (အထူးသဖြင့် စက်ပစ္စည်းတွေရဲ့ သဘာဝဆူညံသံတွေ၊ လေတိုက်တဲ့ဆူညံသံတွေ၊ တရှဲရှဲမြည်သံတွေ၊ ဖတ်၍မှားသွားတဲ့အသံတွေ၊ ဖတ်ရင်းမောလာလို့ အသက်ရှူသံတွေ၊ Recorder အဖွင့်အပိတ်သံတွေ၊ တာရှည့်မဖတ်ပဲရပ်နေတဲ့ အပိုင်းတွေ စသဖြင့် ဆူညံသံတွေနဲ့ Time ကို Edit လုပ်ပါတယ်။
၅။ စူရာတစ်ပုဒ်လုံးကိုလည်း mp3 file အနေနဲ့သိမ်းပါတယ်။ တစ်အာယတ်ခြင်းကို သီးခြား mp3 file အနေနဲ့လည်းခွဲထုတ်ပါတယ်။ Arabi တစ်ကြောင်း မြန်မာတစ်ကြောင်းဖတ်ပြတဲ့ အသံဖိုင်တွေလုပ်ဖို့ပါ။

ဒီ Project လေးဟာ လုပ်ရလွယ်ကူပေမယ့်လည်း လုပ်ချင်စိတ်ရှိသူတွေ၊ လုပ်ရန်ငွေကြေးပြည့်စုံသူတွေ ပူးပေါင်းလုပ်မှ ဖြစ်မြောက်မှာမို့ အွမ်မသ် အကျိုးကို မျော်ကိုးပြီး အကြံပြုပါတယ်။

မှတ်ချက်။
ဒီလို Project လုပ်နေတဲ့သူတွေရှိရင် အသိပေးစေချင်ပါတယ်။ ပါဝင်ကူညီနိုင်မယ်ဆိုရင် နိုင်သလောက် ကူညီချင်ပါတယ်။

Sponsor လုပ်ချင်တဲ့တွေရှိရင်လည်း ဆက်လက်ဆွေးနွေးလုပ်နိုင်မှာဖြစ်ပါတယ်။

Thanks & Best Regards,

S067 Surah Mulk.mp3
File Size: 13.7 MB
Length: 9 min 44 sec
https://drive.google.com/file/d/0B3RmkygwGR8MdFl2T1JjNXI0a28/edit?usp=sharing
https://app.box.com/s/4uw9o81q0z57izs5t0et
http://www.mediafire.com/listen/3wl7ab8kyoli8j4/S067_Surah_Mulk.mp3

S067 Surah Mulk (with Ayah No Reading).mp3
File Size: 14.4 MB
Length: 10 min 14 sec
https://drive.google.com/file/d/0B3RmkygwGR8MLTNVcEJkQjByUmc/edit?usp=sharing
https://app.box.com/s/3fqt7xyh7foagl41ynhb
http://www.mediafire.com/listen/91c1u8mocmszeot/S067_Surah_Mulk_(with_Ayah_No_Reading).mp3

S067 Surah Mulk.zip (တစ်အာယတ်ခြင်း mp3 files)
File Size: 13.36MB
https://drive.google.com/file/d/0B3RmkygwGR8MYzRNVUFtZWhaS2s/edit?usp=sharing
https://app.box.com/s/zip6h6wu71je0adnrgod
http://www.mediafire.com/download/fh7zer5wx2ot226/S067_Surah_Mulk.zip

No comments:

Post a Comment

Please Post Your Comment Here.